Winning entries could not be determined in this language pair.There was 1 entry submitted in this pair during the submission phase. Not enough entries were submitted for this pair to advance to the finals round, and it was therefore not possible to determine a winner.Competition in this pair is now closed. |
Translator's Note: To see the correct texts, please copy and paste the content into your Word processor, then select all and select Zawgyi-one font from your font drop down list. Proz.com does not support Burmese font. Due to this issue some words may not appear correctly after you put the content in your Word processor. La Tomatina ခရမ်းချဉ်သီးပစ်ပေါက်စစ်တိုက်ပွဲတော်(တော်လှန်ရေး) ကို စတင်ခဲ့လိုက်သည့် ကြမ္မာငင်သော ပထမဦးဆုံး ခရမ်းချဉ်သီးကို မည်သူက ပစ်ပေါက်ခဲ့ပါသလဲ။ အဖြစ်မှန်ကို မည်သူမျှ မသိပါ။ ၄င်းသည် စပိန်တော်လှန်ရေး ခေါင်းဆောင် ဖရန်ကို (Franco) ၏သူပုန်ထမှုကို ဆန့်ကျင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည် (သို့) ထိန်းသိမ်းရန်ခက်ခဲခဲ့ သည့် ပျော်ရွှင်ပွဲတော်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ အကျော်ကြားဆုံး ပြောဆိုပုံအဖြစ်အပျက်အရဆိုရလျှင် 1945 ခုနှစ် Los Gigantes ပျော်ရွှင်ပွဲတော် (ကြီးမားလွန်းသည့် စက္ကူ ရုပ်သေးရုပ် စီတန်းလှည့်လည်ပွဲတော်) ကျင်းပနေစဉ်အတွင်း ဒေသတွင်းနေထိုင်သူများသည် သူတို့အား အချို့အဝက် သတိပြုမိစေရန်အလို့ငှါ ခိုက်ရန်ပွဲအုံကြွမှု တစ်ခုကို ပြုလုပ်ခဲ့ သည်။ ၄င်းခိုက်ရန်ပွဲအုံကြွမှုမှာ အနီးရှိ ဟင်းသီးဟင်းရွက်တွန်းလှည်းတစ်ခုပေါ်မှ မှည့်နေသည့်ခရမ်းချဉ်သီးများဖြင့် စတင်၍ပစ်ပေါက်နေခြင်းအားဖြင့် ဖြစ်ပွားခဲ့ပါသည်။ အနီးရှိအပြစ်မဲ့ပွဲကြည့်ပရိသတ်များ ခိုက်ရန်ပွဲအုံကြွမှုအတွင်းပါဝင် လာခဲ့ပြီး အခင်းဖြစ်ပွားမှုမှာ အရှိန်တိုးမြှင့်လာကာ ပျံသန်းနေသည့် ခရမ်းချဉ်သီးများ၏ ကြီးမားသောခိုက်ရန်ပွဲကြီးတစ်ခု အသွင်သို့ရောက်ရှိခဲ့သည်။ ရန်ပွဲလှုံ့ဆော်သူများသည် ခရမ်းချဉ်သီး ရောင်းသူများအား အဖိုးအခပြန်လည်ပေးချေခဲ့ သော်လည်း ၄င်းသည် ပိုမိုများပြားသည့် ခရမ်းချဉ်သီး ပစ်ပေါက်ရန်ပွဲကြီးများကို ပြန်လည်ဖြစ်ပွားလာခြင်းမှ မတားမြစ်ခဲ့ပါ -- ယင်းနောက် အစဉ်အလာသစ် တစ်ရပ် မွေးဖွားလာခဲ့သည်။ စည်းကမ်းမရှိသည့် ကြီးကျယ်မှုကြီးတစ်ရပ်ကို စိုးရိမ်ကြောက်ရွံ့သဖြင့် အာဏာပိုင်များသည် 1950 ခုနှစ်ပိုင်းများတွင် အစဉ်လိုက်ဖြစ်သော တားမြစ်ပိတ်ပင်ချက်များကို ပြဌာန်း၊ ဖြေလျှော့ခဲ့ပြီးနောက် ပြန်လည်သွတ်သွင်းခဲ့ပါသည်။ 1951 ခုနှစ် တွင် ဥပဒေကို အာခံသော ဒေသတွင်းနေထိုင်သူများအား အများပြည်သူပြည်သားများက ၄င်းတို့၏လွတ်မြောက်ရေး အတွက် ဆန္ဒပြကြွေးကြော်သည့်အချိန်ထိတိုင်အောင် ထောင်သွင်းအကျဉ်းချခဲ့သည်။ 1957 ခုနှစ်တွင် ဆန့်ကျင်သူများက ပျက်ရယ်ပြုသောအနေဖြင့် ခရမ်းချဉ်သီး အသုဘ မသာချပွဲတစ်ခုကို အခေါင်းတစ်ခုဖြင့် လူစီတန်းလှည့်လည်၍ ကျင်းပခဲ့ သည့်အခါ ခရမ်းချဉ်သီး တားမြစ်ပိတ်ပင်ချက်များအပေါ် အကျော်ကြားဆုံး အရှက်ကင်းမဲ့မှု ဖြစ်ခဲ့သည်။ 1957 ခုနှစ် နောက်ပိုင်းတွင်၊ ဒေသခံအစိုးရသည် ဆန့်ကျင်မှုကိုရင်ဆိုင် လက်ခံပြီးလိုက်လျောပေးရန် ဆုံးဖြတ်ခဲ့၍ စည်းမျဉ်းများ အချို့ကိုချမှတ်ကာ ရယ်စရာကောင်းသောအစဉ်အလာကို လက်ခံခဲ့ပါသည်။ ခရမ်းချဉ်သီးများမှာ ပျော်ရွှင်ပွဲတော်၏ဗဟိုချက်အဆင့်တွင်ရှိသော်လည်း တစ်ပတ်မျှသော ပွဲလမ်းများက နောက်ဆုံးပိတ် ပွဲတော်ကျင်းပပွဲဆီသို့ ဦးတည်ပေးသည်။ ပျော်ရွှင်ပွဲတော်သည် ပျော်ရွှင်စရာကောင်းသော စပိန်လူမျိုးတို့၏အဆင်အယင် ဖြင့်ပြုလုပ်သည့် လမ်းပေါ်ခင်းကျင်းစီတန်းလှည့်လည်ပြသပွဲများ၊ တေးဂီတ နှင့် မီးပန်းများတို့ဖြင့်ကျင်းပသည့် ဗျူနိုမြို့ (Buñol) ၏သူတော်စင်ကြီးများဖြစ်သော Virgin Mary နှင့် St. Louis Bertrand တို့၏အောင်ပွဲခံပွဲတော် တစ်ခုဖြစ်ပါသည်။ ဖြစ်လာအံ့သော ခိုက်ရန်ပွဲအုံကြွမှုအတွက် သင့်အင်အားကိုစုစည်းထားရန်အလို့ငှါ၊ တိုက်ပွဲမတိုင်မီအချိန်တွင် ထမင်း၊ ပင်လယ်အစားအစာ၊ ဇာဖရန်နှင့် သံလွင်ဆီတို့ဖြင့်ချက်ပြုတ်ထားသည့် အမွှမ်းတင်ခံဖွယ်ရသော (Valencian) ဗလန်စီယာဒေသ အစားအစာကို မိတ်ဆက်ကြွားဝါသည့်အနေဖြင့် မော်ကွန်းတင်လောက်သည့် စပိန်ထမင်းဖြင့် တည်ခင်းဧည့်ခံပါသည်။ ယနေ့ခေတ်အခါတွင် ဤအနှောင်အဖွဲ့မရှိသော ပျော်ရွှင်ပွဲတော်တွင် စည်းကမ်းသေဝတ်မှုဆိုင်ရာ အရေးယူ ဆောင်ရွက်ချက် အချို့ရှိပါသည်။ စည်းရုံးလှုံ့ဆော်သူများသည် နှစ်စဉ်ကျင်းပသည့် ပွဲလမ်းသဘင်တစ်ခုတည်းအတွက် အရသာမကောင်းသော အထူး ခရမ်းချဉ်သီး အမျိုးမျိုးကို စိုက်ပျိုးသည်အထိ အလှမ်းဝေးဝေး ဆောင်ရွက်ကြပါသည်။ ပါဝင်ဆင်နွဲသူများက ချောတိုင်ထိပ်ဖျားတွင် တင်ထားသည့် ဝက်ပေါင်ခြောက်ကို ယှဉ်ပြိုင်တက်၍ရယူလိုက်သည့်အခါ ပျော်ရွှင်ပွဲတော်ကို နံနက် 10 နာရီလောက်တွင် စတင်ကျင်းပပါသည်။ နဘေးမှပွဲကြည့်ပရိသတ်များသည် လမ်းမပေါ်တွင် သီချင်းဆို ခုန်ကနေရင်း အလုအယက်တိုးဝှေ့နေသူများကို ပိုက်ရေပန်းများဖြင့် ပက်ဖြန်းကြပါသည်။ ခရစ်ယာန် ဘုရားရှိခိုး ကျောင်း မွန်းတည့် ခေါင်းလောင်း တီးလိုက်သည့်အခါ ခရမ်းချဉ်သီးများတင်ဆောင်ထားသည့် ကုန်တင်ကားများသည် မြို့တွင်းသို့ "ခရမ်းချဉ်သီး-ခရမ်းချဉ်သီး" ဟုသံစုံအော်ဟစ်သီဆိုသံများ တစ်ဖြည်းဖြည်း ကျယ်လောင်လာရင်း ဝင်လာကြသည်။ ယင်းနောက်၊ မီးသတ်ရေပိုက်ခေါင်းမှ ရေပန်းလွတ်ပေးခြင်းဖြင့် ပွဲတော်ကြီးကို စတင်လိုက်ပါသည်။ ၄င်းသည် ပွဲလမ်းဆင်နွဲသူယောင်းရင်းများအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ခရမ်းချဉ်သီးများကို ဖျစ်ညှစ်၍ တွေ့ရာ ပစ်ပေါက်ရန်အတွက် မီးစိမ်းပြလိုက်ခြင်းဖြစ်သည်။ အဝေးသို့ခရမ်းချဉ်သီးကိုလှမ်းပစ်သူများ၊ အနီးကပ်ပစ်၍ ချေမှုန်းသူများနှင့် တာလတ်အဝေးပစ်ပေါက်သူများ တို့ဖြစ်ကြပါသည်။ မည်သည့်နည်းနှင့်မဆို ပစ်ပေါက်သော်လည်း၊ ပွဲလမ်းသဘင်အဆုံးသတ်ချိန်၌ သင်သည် တစ်မူထူးခြားသော အသွင်သဏ္ဍာန်ပုံပေါက်နေလိမ့်မည် (ခံစားနေလိမ့်မည်)။ တစ်နာရီနီးပါးခန့်အကြာတွင်၊ အလုံးလိုက်ခရမ်းချဉ်သီးအနည်းငယ်ဖြင့်သာကျန်ရစ်နေသည့် ပျော့၍စိုစွတ်သော ခရမ်းချဉ်သီး စားမြိန်ရည်ဖုံးလွှမ်းနေသောလမ်းပေါ်တွင် ခရမ်းချဉ်သီးအရည်အနှစ်များ ပေကြံနေသည့် ပျော်ပွဲကစားသူများ စော့ကစားရန်သာကျန်တော့သည်။ ဒုတိယအကြိမ်ဖြစ်သော မီးသတ်ရေပိုက်ရေပန်းသည် တိုက်ပွဲပြီးဆုံးကြောင်း အချက်ပေးလိုက်ပါသည်။ | Entry #16736 — Discuss 0 — Variant: Not specified
|